Fixture ဆိုတာ i.c.t. စက်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ Circuit Board တစ်ခုကို Fixture တစ်ခု ပါ။ Board တစ်ခု ကို စစ်တော့မယ်ဆိုရင် သူ့ မော်ဒယ်အလိုက် Fixture ကို tester ပေါ်မှာ တပ်ဆင် ရပါတယ်။ ပြီးမှ သူ့ program ကို load လုပ်ရပါတယ်။(နောက်ပိုစ်မှာ အဲဒီ programs တွေအကြောင်းထပ်ရေးပေးပါ့မယ်။)
Fixture တစ်ခုရဲ့ပုံပါ။ |
Fixture ပေါ်မှာ Circuit board တယ်ဆင်ထားပုံပါ။ |
ဆားကစ်တစ်ခုကိုသေချာစွာကြည့်ပါက ယခုကဲ့သို့ test points အမျိုးအစားများစွာကိုတွေ့ရမှာဖြစ်ပါတယ်။ |
Fixture မှာ ဘာတွေပါသလဲဆိုတော့ Test probes တွေပါပါတယ် အဲဒီ probes တွေဟာ test point အပေါ်မှာမူတည်ပြီး အမျိုးအစားကွဲပြားပါတယ်။အကြမ်းဖျင်းပြောရမယ်ဆိုရင် tip stye နဲ့ plunger ပါ။
စက်ရုံမှာတော့ အစုံသုံးပါတယ်။
Fixture တစ်ခုရဲ့test probe တွေရဲ့အောက်ခြေမှာ အခုလို တွေ့ရပါတယ်။ |
အဲဒီ လိုရှုပ်ထွေးနေတဲ့ fixtrue တွေကို i c t ဌာနက preventive maintenance (PM) ဆိုတဲ့ လူကအဓိက တာဝန်ယူပြီး maintenance လုပ်ရပါတယ်(ဟဲဟဲ ကိုယ်ဘဲပေါ့) ။ အဲဒီ (maintenance) အကြောင်းအချိန်ရရင်ထပ်ပြောပြပါ့မယ်။ Fixture အောက်ခြေနဲ့ ICT tester နဲ့ကို နောက်ထပ် probes တွေနဲ့ဘဲဆက်သွယ်ထားပါတယ်။
circuit တွေကို အဓိကအားဖြင့် fixture နဲ့စစ်တယ်ဆိုပေမယ့် တစ်ခြားစစ်နည်းတွေရှိပါတယ်၊ ဥပမာ flying probes တို့လိုဟာမျိုးတွေပါ။
Fixture တွေဘယ်လိုအလုပ်လုပ်သလဲဆိုရင်
၁။အရင်ဆုံး circuit board ကို Fixture ထဲကိုထည့်ပါ။
၂။အဖုံးကိုသေချာစွာပိတ်ပါ။
၃။ပြီးရင် test program ကိုစတင်ပါ။
၎။program အတိုင်း သက်ဆိုင်ရာ probes များအလိုက် voltage တွေနဲ့တစ်ခြား signal တွေပေးပြီး။ သက်ဆိုင်ရာ probes များမှတဆင့် components များရဲ့ values တွေ outputs တွေကိုတိုင်းတာပါတယ်။
၅။တစ်ကယ်လို့ fail ဖြစ်တယ်ဆိုရင် ဘယ် components တွေ value ဘယ်လောက်နဲ့ fail တယ်ဆိုတာကို strip printer လေးကတစ်ဆင့်ထုပ်ပေးပါတယ်။
၆။အရေးအကြီးဆုံးက အဖုံးကိုသေချာစွာပိတ်ပြီးမှစတင်ဖို့ပါ မတော်တဆ လက်က fixture အဖုံးနားရောက်နေရင် tester က (vacuum) လေစုပ်ကရိယာက အလွန်ပြင်းတဲ့အတွက် လက်ပြတ်သွားနိုင်ပါတယ်။
Ref: Google မှ images များအသုံးပြုထားပါတယ်။
Ko Ag(Mawlamyine)